ကာလိမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.မ.က(မိုင်းယိုင်း)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများအား ကျောင်းသား/ကျောင်းသူများ သိရှိနိုင်ရန်အတွက် အသိပညာပေးဟောကြားခဲ့သည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နံရံကပ်စာစောင်များပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)