ခိုလမ် ဖေဖေါ်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းများနှင့်အညီ လိုက်နာမှုရှိစေရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့အတွင်းသွားလာနေသော ယာဥ်ကြီး၊ ယာဥ်ငယ်များအား သတ်မှတ်စည်းကမ်းချက်များအား အလေးထားလိုက်နာဆောင်ရွက်စေရန် အသိပညာပေးပြောကြားခဲ့ပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)