မြင်းခြံဗဟိုအကျဉ်း‌ထောင် ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေး

မြင်းခြံ ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဗဟိုအကျဉ်းထောင် ဥယျာဉ်ခြံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးခဲ့ ကြောင်း သိရသည်။

“မြင်းခြံဗဟိုအကျဉ်းထောင်ရှိ ဝန်ထမ်းများနှင့် မိသားစုများ၏ သက်သာချောင်ချိရေးနှင့်စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ကာ အကျဉ်းထောင် တောင်ယာမှ ထွက်ရှိလာသော အသီးအနှံ၊ အသား/ငါး၊ ဥများကို ဝန်ထမ်းများနှင့် အခြားမိတ်ဖက်ဌာနများကိုလည်း သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခြင်း ဖြစ်ပါတယ်” ဟု မြင်းခြံဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ပြောသည်။

အဆိုပါ မြင်းခြံဗဟိုအကျဉ်း‌ထောင် ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေးနေမှုကို မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစောလွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)