မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို “ စာပေရတနာ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို “စာပေရတနာ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မွေကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂) ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇောတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက “စာပေရတနာ” စာကြည့်တိုက် ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖျန်းခဲ့ကြပြီး  စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများက သုတ၊ ရသစာအုပ်စာစောင်များ လေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် “စာပေရတနာ” စာကြည့်တိုက်အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးဇော်တင်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့နိုင်စေရန်၊ ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုကြစေရန် စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ စာကြည့်တိုက် ရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်သွားကြပါရန် ပြောကြားခဲ့သည်။ ထို့နောက် “စာပေရတနာ” စာကြည့်တိုက် အဆောက်အအုံနှင့် ပတ်သက်သည့် အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက ပေးအပ်ခဲ့ရာ စာကြည့်တိုက်ကော်မတီ နာယက ဦးကျော်ဇောက လက်ခံခဲ့ပြီး အလှူရှင်များက “စာပေရတနာ” စာကြည့်တိုက်အတွက် စာအုပ် စာစောင်များပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဝင်များက လက်ခံခဲ့သည်။ ၎င်းနောက် “စာပေရတနာ”  စာကြည့်တိုက်အတွက် အလှူငွေများ လှူဒါန်းသည့် အလှူရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ အလှူရှင်များကိုယ်စား စာကြည့်တိုက်ကော်မတီ နာယက ဦးကျော်ဇောက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ “စာပေရတနာ” စာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ မတည်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၅၀နှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် သိန်း ၃၀ တို့ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)