သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရများလှူဒါန်း

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလယ်တန်းကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ အာဟာရဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အာဟာရပြည့်ဝသောနေ့လယ်စာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်းများနှင့် အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ) အလယ်တန်းကျောင်းတို့မှ တာဝန်ရှိသူများက သန့်ရှင်းလတ်ဆက်စွာ ချက်ပြုတ်၍ ကျောင်းသား၊ ကျောင်းသူလေးများအား ကျွေးမွေးခဲ့ကြပါသည်။

အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ သင်္ဃန်းကျွန်းခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်‌ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူလိုအပ်သည်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သိန်းအောင် (ခရိုင်ပြန်/ဆက်)