ရပ်စောက် ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အသက် (၂) လမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး (ကာကွယ်ရေး) ဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းမြကြည်ဦးဆောင်၍ ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတက်သော (Rota) ကာကွယ်ဆေးတို့ကို မြို့ပေါ်ရပ်ကွက်များမှ မွေးကင်းစ အသက် (၂) လမှ (၂) နှစ်အောက် ကလေးငယ်စုစုပေါင်း (၉၀) ဦးအား ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်