မိုင်းနောင် ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် လားဟူရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်နှင့် လက်ဆေးမင်္ဂလာ ဂါရဝပြုကန်တော့ခြင်းများကို နှစ်စဥ်တပို့တွဲလဆန်း (၁) ရက်နေ့မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့အတွင်းရှိ ကျေးရွာများတွင်နေထိုင်ကြသော လားဟူတိုင်းရင်းသားများက မိမိတို့၏ ရိုးရာအစဥ်အလာများ မပျောက်ပျက်စေရေးအတွက် နှစ်စဥ်လားဟူရိုးရာနှစ်သစ်ကူးပွဲတော်နှင့် လက်ဆေးမင်္ဂလာ ဂါရဝပြုကန်တော့ခြင်းများကို လားဟူတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့မှကြီးမှူး၍ လားဟူတိုင်းရင်းသားများ စုပေါင်းကာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိ၊ မြို့ဖများအား ဖိတ်ကြား၍ လက်ဆေးမင်္ဂလာဂါရဝပြုခြင်း၊ ရိုးရာလက်ဆောင်များ ပေးအပ်ခြင်း၊ လားဟူရိုးရာအကများဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လားဟူတိုင်းရင်းသားများအားလုံး မိမိတို့၏ ရိုးရာအစဥ်အလာများအား ထိန်းသိမ်းတက်စေရန်၊ မိမိတို့လူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးစေရန်၊ ဘာသာ၊ စာပေ၊ ယဥ်ကျေးမှုများကို အလေးမြတ်ထားတတ်စေရန်အတွက်၊ မိဘဆရာသမား သက်ကြီးရွယ်အိုများအား တစ်နှစ်တစ်ကြိမ်လက်ဆေး ဂါရဝပြုကန်တော့ခြင်းများကို စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)