မော်လမြိုင် ဖေဖော်ဝါရီ ၃
မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းလိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းစိတ်ဓာတ်ခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ ပြည်နယ်မီးသတ်ဦးစီးဌာန၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြည်နယ်မီးသတ်ဦးစီးဌာန၌စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်မီးသတ်ဦးစီးမှူးဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ၁၀ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၃)သင်း၏ မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ရိုးရာထမနဲထိုးယှဉ်ပြိုင်နေမှုကို ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူတို့က ကြည့်ရှုအားပေးပြီး ပထမဆုရ (သထုံကျိုက်ထို၊ ဘီးလင်း) အဖွဲ့ ၂ နှင့် နှစ်သိမ့်ဆုရအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြာင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်