ကျောက်ဆည် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်နှင့် မူလတန်းပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် မြို့နယ်ပညာရေးမှူး ဦးအေးလင်းတို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းဆင့် “ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်များဖြင့်ပန်းချီပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများရွေးချယ်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)