မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်

မြစ်သား ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊မီးသတ်ဆေးဘူများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်သင့်သည့်လုပ်ငန်း စဉ်များအားဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များက ပူးပေါင်းသရုပ် ပြလေ့ကျင့်ခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရ သည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)