ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)မြို့မရဲစခန်းရှိ ၀န်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးလက်တွေ့ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

ချမ်းမြသာစည် ဖေဖော်ဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) မြို့မရဲစခန်း၌ ၀န်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြမှုများအား ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးက ဝန်ထမ်းများအနေဖြင့် မီး‌ဘေးအန္တရာယ်‌ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများ မရှိစေရေး သတိပြုဆောင်ရွက်ကြရန်၊ မီးချိတ်၊ မီးကပ်များနှင့် သဲအိတ်များထားရှိကြရန်၊ ဝါယာကြိုးများ ပေါက်ပြဲဆွေးမြေ့နေပါက အသစ်လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊မိန်းတင် မိန်းချ‌ခလုတ်များ သေချာစွာစစ်‌ဆေးခြင်းများ ပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ်‌ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် လက်တွေ့ငြှိမ်းသတ်ခြင်းများ၊ ဂစ်မီးသရုပ်ပြသ ငြှိမ်းသတ်ခြင်းများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းသို့ အမှတ် (၁၀) မြို့မရဲစခန်းမှ ဒုရဲမှူး‌ခင်မောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့