ရန်ကင်း ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် ၁၃ ရပ်ကွက်၊ အောင်ချမ်းသာလမ်းနှင့် မြနန္ဒာလမ်းထောင့်၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက် အောင်ချမ်းသာလမ်းနှင့် မြနန္ဒာလမ်းဒေါင့် အမှတ် (၄၅၇) အိမ်ရှင် ဦးဆန်းညွန့်လွင်၏ (၄၀×၃၀) တိုက်ခံအပေါ်ထပ် Hollow ကျောက်ပြားကာ နေအိမ်ဘုရားစင်တွင် လူစောင့်မရှိဘဲ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်ရာနေရာသို့ ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ (၆) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦး၊ မီးငြိမ်းသတ်ယာဉ် (၁) စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ နံနက် ၉ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)