တနိုင်း ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ဇေယျာသီရိစာသင်တိုက်အတွင်း နှစ်စဉ်သင်ကြားလျက်ရှိသော ယခုနှစ် ၂၀၂၄-၂၀၂၅ခုနှစ် ပညာသင်နှစ် ဗုဒ္ဓစာပေဓမ္မစကူးလ် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဇေယျာသီရိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးထံမှ (၅) ပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုများကိုလည်း ကပ်လှူခဲ့ကြသည်။ ဆက်လက်၍ ဆုရသင်တန်းသား၊ သင်တန်းသူများ ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အပတ်စဉ် အာဟာရဒါနအလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်ခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြော င်းသိရသည်။
နေလင်းထူး(ပြန်/ဆက်)