ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ချမ်းမြသာစည် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးသုံးစွဲမှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က သံလျှက်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်၊ အကွက် (၄၄၇) သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျရှိစေရေးအတွက်  မီးဖိုချောင်များတွင် ချက်ပြုတ်ရာ၌ သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ၊ လောင်စာဖိုများကို စနစ်တကျသုံးစွဲမှု ရှိ/ မရှိ၊ အိမ်အတွင်း သွယ်တန်းထားသည့် မီးကြိုးများ ပေါက်ပြဲမှု ရှိ/မရှိနှင့် သုံးစွဲသည့်လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ဝန်အားခံနိုင်မှု ရှိ/ မရှိ၊ တရားမဝင်လောင်စာဆီများ သိုလှောင်မှုမရှိစေရေးနှင့် မီးသတ်ဆေးဘူးများ သုံးစွဲမှုရှိ/ မရှိ၊ အရေးပေါ်ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သောမီးချိတ်၊ မီးကပ်၊ သဲပုံးများထားရှိမှု ရှိ/မရှိတို့ကို တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးဆောင်၍ ခရိုင်တွင်း (၇) မြို့နယ်မှ မီးသတ်ဦးစီးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးရန်နိုင်လင်း၊ သံလျှက်မှော်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်နောင်နှင့် ရာအိမ်မှူးများ၊ အမှတ် (၁၀) မြို့မရဲစခန်းမှ ဒု-ရဲအုပ် ကျော်သူမင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဒု-တပ်ရင်းမှူး ဦးဝင်းမောင်နှင့် အရန်မီးသတ်တပ်ခွဲမှူး၊ ဒု-တပ်ခွဲမှူးများ၊ တပ်စုမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က အိမ်ခြေ (၇၀၀)၊ အိမ်ထောင်စု (၁၂၀၀)၊ လူဦးရေ (၃၆၀၀) ဦး၏ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြ‌ကြောင်း သိရသည်။ 

ချမ်းမြေ့