မိုးကောင်း ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း သူဌေးကုန်း၏ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ (၃၀) ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို Grade 9 ကျောင်းသူများက “ဘက်စုံပညာရည်သို့လှမ်းချီ” တေးသီချင်းဖြင့် အဖွင့်သီချင်း ဖျော်ဖြေသီဆို၍ သူဌေးကုန်း အုပ်ချုပ်ရေးမှူးက ကျောင်း၏လိုအပ်ချက်များကို ပြောကြားပြီး အ.လ.က-သူဌေးကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနွယ်က ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စာပေနှင့် ကာယ၊ ဉာဏထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုအသီးသီးချီးမြှင့်ကြသည်။
ထို့နောက် ဘင်ခရာ၊ အာဟာရနှင့် ပညာရေးစုံညီပွဲတော် အလှူရှင်များအား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ပြီး အ.လ.က (သူဌေးကုန်း) ကျောင်းသား၊ ကျောင်းသူများက မမေ့နိုင်တဲ့မြေ၊ အလှကမ္ဘာမြေ၊ ဗမာမလေးပါရှင်၊ နေကာမျက်မှန်၊ ရွှေမိုးတွေရွာ၊ ကျေးတောသူ၊ တိုင်းရင်းသားရိုးရာတေးသီချင်းအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)