တာလေ ဖေဖော်ဝါရီ ၁
(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာ၌ “သုတရောင်ခြည်” စာကြည့်တိုက် အဆောက်အအုံသစ်အား ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
အခမ်းအနားတွင် တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းရီတစ်နှင့် အခြေခံပညာအလယ်တန်းကျောင်း (ပါလိုင်) ကျောင်းအုပ်ဆရာကြီး ဦးသက်နိုင်ထွန်းတို့က လက်ခံရယူသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်းကလေးများ စာပေဖတ်ရှုလေ့လာမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျေးရွာစာကြည်တိုက်အား နိုင်ငံတော်မတည်ရန်ပုံငွေကျပ် သိန်း ၁၅၀ ဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်တည်ဆောက်ကာ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေပြည်သူများ ကွာဟမှုမရှိစေရေးအတွက် အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် အမှား/အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှ ကျေးရွာစာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)