သာစည်မြို့နယ် မုံပင်ကျေးရွာတွင်း လူကူးတံတား ပြန်လည်ပြင်ဆင်ပြီးစီးမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

သာစည် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးများစွာရွာသွန်းခြင်းနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် ပြည်ညောင်ကျေးရွာအုပ်စု မုံပင်ကျေးရွာတွင် တည်ရှိသော အရှည် ၁၂၀ ပေ၊ အကျယ် ၆ ပေရှိ မုံပင်-သဲလုံးချောင်းလူကူးတံတားကြမ်းခင်းများပြတ်ထွက်ပြီး ရေစီးနှင့်မျောပါမှုများဖြစ်ခဲ့ရာ သွားလာမှုလမ်ကြောင်း ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ခဲ့ရာ ပြန်လည်ပြုပြင်ပြီးစီးမှုကို ဇန်ရီ ၃၁ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့ ကွင်းဆင်းကြည့်ရှုရာ သာစည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ)က ဆောင်ရွက်ထားရှိခဲ့မှုများအား ရှင်းလင်းတင်ပြသည်။ အဆိုပါတံတားဆောင်ရွက်ပြီးစီးခြင်းကြောင့် ထိုကျေးရွာရှိ အိမ်ခြေ ၆၄ အိမ်၊လူဦးရေ ၃၀၄ ဦးတို့ လွယ်ကူချောမွေ့စွာသွားလာနိုင်မည်ဖြစ်ကြောင်းသိရရသည်။

မြို့နယ်(ပြန်/ဆက်)