မုဒုံ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (ညောင်ကုန်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးကျော်ဇောအောင်က မီးခိုမြူငွေ့လျှော့ချခြင်းဆိုင်ရာနှင့် သစ်တောထိန်းသိမ်းရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီးက ရေသယံဇာတထိန်းသိမ်းရေး ခေါင်းစဥ်ဖြင့်လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)