မြင်းခြံမြို့ အထက(၂)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

မြင်းခြံ ဖေဖော်ဝါရီ ၁

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က မြင်းခြံမြို့ အထက (၂) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ၏အထိမ်းအမှတ်နေ့များကို သတိတရရှိစေရန်၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူးကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအားလုံး သိရှိစေရန် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ (မြင်းခြံ)