ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြေယာပိုင်ဆိုင်မှု နည်းပါးသူများနှင့် အိမ်ဝိုင်းကွက်လပ်အကျယ်ပိုင်ဆိုင်သူများသည် နေ့စဉ်ဝင်ငွေရရှိရေး မိမိတို့ပိုင်ဆိုင်သည့် မြေနေရာကျဉ်းကျဉ်းတွင် တစ်နိုင်တစ်ပိုင်ကာလတို ဟင်းသီး၊ ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရောင်းချသည့် သီးနှံအများစုမှာ ဘူး၊ ရုံးပတီ၊ ခရမ်း၊ ကျောက်ဖရုံ၊ ငရုတ်၊ မုန်လာ၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ရွှေဖရုံ၊ သခွါး၊ တိုင်လွတ်ပဲ၊ တိုင်ထောင်ပဲ၊ ခဝဲ၊ နံနံ၊ ဆူးပန်း၊ဆလပ်၊ မုံညင်း၊ ပူစီနံ၊ ပင်စိမ်း၊ ခွေးတောက်စသည့် သီနှံများဖြစ်ကြောင်းသိရှိရကာ စိုက်ပျိုးရောင်းချမှုများနှင့်ပတ်သတ်ပြီး “သွင်းအားစုနှင့် လူငှားစရိတ်သက်သာရေး မိသားစုလုပ်အားနှင့် ဟင်းသီး၊ ဟင်းရွက်မျိုးစုံအား တစ်နိုင်တစ်ပိုင်ဘဲ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ဟင်းသီး၊ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချခြင်းသည် နေ့စဉ်ဝင်ငွေရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း” သီးပင်ကျေးရွာမှ ကာလတို ဟင်းသီး၊ ဟင်းရွက်မျိုးစုံ စိုက်ပျိုး ရောင်းချသည့် ဦးညိုတင်က ပြောပြ၍ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတက်ရေး စိုက်ပျိုးရေးလုပ်ငန်းများကို အဓိထားလုပ်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးရေးဦးစီးဌာနမှ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးနည်းစနစ်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)