ကွန်ဟိန်းမြို့၌(၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

ကွန်ဟိန်း ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (၇၈) နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ်    မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲအား ယမန်နေ့နံနက် ၈ နာရီခွဲခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုအကျိုး တို့သယ်ပိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုအမွေ ထိန်းကြစို့လေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ လက်ဆင့်ကမ်းကာ ထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ပြည်ထောင်စုရက်မြတ်မဟာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)