မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၁
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်လေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ကြစေရန်နှင့် စကားပြောအတတ် ပညာကျွမ်းကျင်စွာတတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ မင်္ဂလာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး(ကိုယ်စား) ဆရာမဒေါ်အေးမြတ်ဖြူက အဖွင့်အမှာစကားပြောကြားရာတွင် “လူငယ်တွေအနေနဲ့ စကားပြောအတတ်ပညာကျွမ်းကျင်စွာတတ်မြောက်ပြီး လူအများရှေ့ရဲဝင့်စွာပြောတတ်စေရန် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အသိ ပညာဗဟုသုတများ ရရှိစေရန်စသည့်တို့ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကိုဆက်လက် ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်ချိုဦးတို့က Moderatorအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် Grade-11 မှ မောင်ပိုင်ဇေမင်းကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-11 မောင်ဘုန်းမြတ်ကိုကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် GGrade-10 မှ မောင်ကောင်းဇင်သီဟကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-9 မှ မောင်စွမ်းရည်ပိုင်ကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် Grade-9 မှ မောင်အောင်စစ်မင်းကလည်းကောင်း၊လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် Grade-10 မှ မောင်ကောင်းဇော်ဟိန်းကလည်းကောင်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသားလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာဆွေးနွေးသူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးတင်မောင်မောင်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဉီးစီးအရာရှိ ဒေါ်မြတ်မြတ်အေးတို့က လက်ဆောင်ပစ္စည်းများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသားလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များနှင့်သုတ၊ ရသစာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)