ညောင်ဦး ဖေဖော်ဝါရီ ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ယွန်းထည်ထုတ်ကုန်ပစ္စည်းများ ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး အသိပညာပေးဆွေးနွေးပွဲကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ညနေ ၄ နာရီအချိန်က အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မင်းညိုက ပုဂံ-ညောင်ဦးဒေသဟာ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တစ်ခုဖြစ်သလို ခရီးသွားဧည်သည်များ နေရာဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ ရေ၊ မြေ အခြေခံကောင်းများပိုင်ဆိုင်ထားသလို ဒေသထုတ်ကုန်များလည်းထွန်းကားလျက်ရှိကာ နယ်မြေဒေသအရ ဈေးကွက်အခွင့်အလမ်းများရရှိနေသော်လည်း ပြည်ပဈေးကွက်ရရှိရန် ထုပ်ပိုးနည်းစနစ်များ လိုအပ်လျက်ရှိပြီး ထုပ်ပိုးမှုစနစ်ခေတ်မီအောင် ပြောင်းလဲနိုင်မှသာ ဈေးကွက်အခွင့်အလမ်းကောင်းများ ပိုမိုရရှိမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်တင့်က ဒီလိုဆွေးနွေးပွဲကို ဆောင်ရွက်ပေးလိုက်သည့်အတွက် လုပ်ငန်းရှင်များအနေနှင့်ထုပ်ပိုးမှုကောင်းမွန်ဖို့အတွက် နည်းလမ်းတွေ နည်းပညာတွေ ဗဟုသုတတွေကို အလွဘ်တကူလေ့လာသိရှိ နိုင်ကြမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေနှင့်ဒီနေ့ဆွေးနွေးပွဲမှာရရှိလာမည့် ဗဟုသုတများနှင့် မိမိတို့၏စိတ်ကူးဉာဏ်စွမ်းများပေါင်းစပ်ပြီး မိမိအကျိုး၊ ဒေသအကျိုးဆောင်ရွက်နိုင်ကြမည်ကြမည်ဖြစ်ကြောင်း ထုတ်ကုန်ပစ္စည်းထုပ်ပိုးမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းကယွန်းထည်လုပ်ငန်း ထုပ်ပိုးမှုများအကြောင်း၊ ပုန်းရည်ကြီးထုပ်ပိုးမှုတို့ အကြောင်းပြောကြားကာ ကောင်းမွန်စွာထုပ်ပိုးခြင်း၏ ရည်ရွယ်ချက်များနှင့် ထုပ်ပိုးမှုအမျိုးအစားများအကြောင်း၊ ထုပ်ပိုးမှုအရွယ်အစားနှင့်အမျိုးအစားများအကြောင်း၊ တံဆိပ်ကပ်ခြင်းဆိုင်ရာသင်္ကေတများအကြောင်း၊ ထုပ်ပိုးမှုနည်းစနစ်ကြောင့် ရရှိလာမည့် ဈေးကွက်အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဆွေးနွေးသည်။ ပြီးနောက်တက်ရောက်လာသည့် ယွန်းထည်လုပ်ငန်းရှင်များ၊ ပုန်းရည်ကြီးဖိုလုပ်ငန်းရှင်များ၊ အာလူးကြော်ဖိုး၊ ပဲကြော်ဖိုလုပ်ငန်းရှင်များနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဒီပါလင်း