ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ တန်ဖိုးသင့်အာဟာရပြည့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအစီအစဥ် ဆောင်ရွက်

ဒေါပုံ ဖေဖော်ဝါရီ ၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအစီအစဥ်ကို ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်က အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရဖွံ့ဖြိုးစေရန် ရည်ရွယ်၍ အာဟာရပြည့်ဝသော နေ့လယ်စာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းမှ တာဝန်ရှိသူများက သန့်ရှင်းလတ်ဆက်စွာ ချက်ပြုတ်၍ KG တန်း ကျောင်းသား၊ ကျောင်းသူလေးများအား ကျွေးမွေးခဲ့ကြပါသည်။ အဆိုပါ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်း ဆောင်ရွက်ရာသို့ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)