လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ​ဟော​ပြောပွဲကျင်းပ

လသာ ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် လူငယ်​ရေးရာ​ဟော​ပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြညီလာ)ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ အမှတ်(၁)အ​​ခြေခံပညာအထက်တန်း​ကျောင်း၊​ ကျောင်းအုပ်ဆရာကြီးဦးခင်​မောင်ဝင်းက အဖွင့်အမှာစကားကိုလည်း​ကောင်း၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး​ဒေါ်နန်းသဲနု​အောင်က လူငယ်စကားဝိုင်းနှင့်လူငယ်​ရေးရာ ​ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို​လည်း​ကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်း​ကျောင်း၊​ ကျောင်းအုပ်ဆရာမကြီး​ဒေါက်တာသန်းသန်းစိန်က ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်ကဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ခဲ့ပြီး အ.ထ.က(၂)လသာ Grade-10(A)မှ မသီရိပြည့်စုံက လူငယ်နှင့်ယဥ်​ကျေးမှု၊ အ.ထ.က-(၁)လသာ Grade-11(A)မှ​ မောင်​အောင်မင်းခန့်က လူငယ်နှင့်အားကစား၊ အ.ထ.က(၂)လသာ Grade-10(A) မှ မ​အိမ်ဂျလီကိုကိုက လူငယ်နှင့်နည်းပညာ၊ အ.ထ.က(၁)လသာ Grade-10(A)မှ ​​မောင်မြင့်မိုးအောင်က လူငယ်နှင့်မူးယစ်​ဆေးဝါးစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက အမှတ်တရလက်​ဆောင်များ ​ပေးအပ်ခဲ့ကြသည်။

ထို့​နောက် လူငယ်​​ရေးရာ​ဟော​ပြောပွဲကိုကျင်းပခဲ့ရာ စာ​ရေးဆရာမတင့်တယ်ခင်က လူငယ်နှင့်စာ​ပေအ​ကြောင်း​ ဟော​ပြောခဲ့ကြောင်းနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ​ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

နန်းသဲနုအောင် (ပြန်ဆက်)