မိုင်းပျဥ်းမြို့၌ အိမ်ထောင်စုအမှတ်စဉ်များ၊ မိသားစုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်း စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်၌ အိမ်ထောင်စုအမှတ်စဉ်များ၊ မိသားစုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်း စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းပျဉ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး (ရွေးကောက်ပွဲအရာရှိ) ဒေါ်အယ်လ်ခွန်းမိုင်က အိမ်ထောင်စုအမှတ်စဉ်များ၊ မိသားစုအမှတ်စဉ်များ ဖြည့်သွင်နိုင်ရေးနှင့် လူဦးရေစာရင်းစိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးရာ   သက်ဆိုင်ရာရပ်ကျေးစာရေးများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသောအကြောင်းအရာများ ပြန်လည်မေးမြန်းဆွေးနွေးကြ၍ ရွေးကောက်ပွဲအရာရှိနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်တို့က ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အိမ်ထောင်စုအမှတ်စဉ်များ၊ မိသားစုအမှတ်စဉ်များ ဖြည့်သွင်နိုင်ရေးနှင့် လူဦးရေစာရင်းစိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့ပေါ်နှင့် ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုံလင်စွာတက်ရောက်ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးရီက လူဦးရေစာရင်းများ တစ်ဦးချင်းအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)