အလုံ​မြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

အလုံ ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယ​​​မန်နေ့နံနက်(၁၀)နာရီက အလုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦး‌အောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုံခရိုင်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်မျိုးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ဆောင်ရွက်ခဲ့ပြီး GRADE–9 မှ ကျောင်းသားမောင်သူရိန်ထွန်းက လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် လည်းကောင်း၊ GRADE–8 မှ ကျောင်းသားမောင်မိုးစက်မင်းသွင်က လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ GRADE-6 မှ ကျောင်းသူမနှင်းအိ‌‌ရွှေရည်က လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ GRADE–9 မှ ကျောင်းသား မောင်ထက်ကိုဦးက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ GRADE–7 မှ ကျောင်းသူမအိမ်မြင့်မိုရ်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦး‌အောင်စိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမေတ္တာလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)