သာကေတမြို့နယ်စာအုပ်၊စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှရေးသူ ၊ဖတ်သူ  ဆွေးနွေးခြင်း စာဖတ်ဝိုင်းကျင်းပ

သာကေတ ဇန်နဝါရီလ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club)အဖွဲ့က ယ​နေ့မွန်းလွဲ (၁)နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်နိုးမြတ်သူများအသင်း (Book Club)အသင်းတို့ပူးပေါင်း၍ သုတ၊ ရသစာအုပ်စာပေများ လစဥ်မပြတ်ဆွေးနွေးခဲ့ရာယနေ့၌ ဆွေးနွေးသည့် စာဖတ်ဝိုင်းတွင် စာရေးဆရာမ မိုးမိုးသင်း​ရေးသားထားသည့် ပိုးကိုက်တဲ့ပန်းမနွမ်းစေချင် စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်ဆောင်းနှင်းဖြူ၊ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ စာရေးဆရာမ နန်းဟင်းပြင်းတို့မှ မုဒိတာစကားများနှင့်အတူ စာရေးဆရာမ နန်းမိုးမိုးသင်း(ကိုယ်တိုင်ရေး)ိုးကိုက်တဲ့ပန်းမနွမ်းစေချင်စာအုပ်၏ အနှစ်သာရကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဆရာမ မိုးမိုးသင်း(ကိုယိတိုင်ရေး)က ပိုးကိုက်တဲ့ပန်းမနွမ်းစေချင် ဇာတ်လမ်း ဇာတ်အိမ်တည်ဆောက်ပုံ၊ အနှစ်သာရများကိုဆွေးနွေးခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်စာရေးဆရာ၊ ဆရာမများက ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကောင် ပီပြင်စွာရေးဖွဲ့ထားမှုအား ခံစားမှုရသအမြင်တစ်မျိုးစီ ဖြင့်ဆွေးနွေးခဲ့ကြပြီး ရေးသူ၊ဖတ်သူ စာဖတ်ဝိုင်းအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)