ဒလမြို့နယ်တွင် “မရှိ၍ မလင်းသူ မရှိစေရ” မျက်စိခွဲစိပ်ကုသရေး အစီအစဉ်ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍  “မရှိ၍ မလင်းသူ မရှိစေရ” ကုသရေးအစီအစဉ်တွင် မျက်စိခွဲစိပ်ကုသရမည့် လူနာများအား ဒလမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် ဗဟန်းအမျိုးသမီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် မျက်စိခွဲစိပ်ကုသမည့် လူနာများ(၁၂)ဦးအား ဗဟန်းအမျိုးဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီး ဦးဆောင်သောအဖွဲ့မှ စမ်းသပ်စစ်ဆေးခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များမှ လူနာများအား ကုသဆောင်များတွင် နေရာချထားခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ ကန်တော်ကြီးမျက်စိဆေးရုံတွင် ပြသနေသည့် မျက်စိခွဲစိပ်ရမည့် လူနာ(၁)ဦးမှာ ကန်တော်ကြီးဆေးရုံတွင် ဆက်လက်ပြသခွဲစိပ်သွားမည်ဖြစ်သည်။     

အဆိုပါ မျက်စိခွဲစိပ်ကုသရမည့် လူနာများအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များမှ ရှေ့လုပ်ငန်းစဉ်(၁၅)ချက်အနက် လုပ်ငန်းစဉ်(၈)နှင့်အညီ  လူနာ(၁)ဦးလျှင် ထမင်းစရိတ်(၂)ရက်စာ (၁၅၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အေးမြမိုး(ပြန်/ဆက်)