သထုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ စီမံမှုဖြင့် KG ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် မြို့နယ်ပညာရေးမှူးဦးမြင့်ထွေးနှင့် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများက အခြေခံပညာမူလတန်းကျောင်းတို့၌ KG ကျောင်းသားကျောင်းသူတို့အား အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ်စသည့် အာဟာရဓာတ်များပြည့်စုံကြွယ်ဝသည့် နေ့လယ်စာအာဟာရ စနစ်တကျ ကျွေးမွေးနေမှုတို့ကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းကို သထုံမြို့နယ်အတွင်း ပထမအကြိမ်အဖြစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း အလားတူ လာမည့်ဖေဖော်ဝါရီလအတွင်း၌ တတိယအကြိမ် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်