လဲချား ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(လဲချား)တွင် ဆောင်ရွက်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြမြသန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲသို့ လဲချားနယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)