ကလော ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား သက်တမ်းတိုး/ဈေးပြိုင်စနစ်ဖြင့်(ပထမအကြိမ်) လေလံရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ ဗိုလ်မှူးနိုင်လင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းမှ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား သက်တမ်းတိုး၊ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်မျာအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကလောမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ) အတွက် သက်တမ်းတိုးစနစ်ဖြင့် စိစစ်ချထားမည့် မြို့ဝင်ဘီးကောက်လုပ်ငန်းလိုင်စင်(၁)ခု၊ ဈေးပြိင်လေလံစနစ်ဖြင့်ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်(၂၂) ခုနှင့် သားသတ်လုပ်ငန်းလိုင်စင်(၁၆) ခုတို့အား လုပ်ငန်းတစ်ခုချင်းအလိုက် ဈေးပြိုင်ရောင်းချခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)