တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ

တန့်ယန်း ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၉ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးများအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း ပိုလီယို၊ ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) စသည့် ကာကွယ်ဆေးများကို ထိုးနှံဆောင်ရွက်နေပြီး ဆက်လက်၍လည်း ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                                     

မင်းလွင်ဦး(တန့်ယန်း)