မိုးနဲမြို့ မြို့မဈေးမီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြ

မိုးနဲ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေးဌာနတို့ပူး‌ပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မစျေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်က မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရန်အချက်များနှင့် မီးငြှိမ်းသတ်ပစ္စည်းများဖြင့် စနစ်တကျကိုင်တွယ် မီးငြှိမ်းသတ်နည်းများ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ပစ္စည်းများအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များကို သရုပ်ပြသဆောင်ရွက်ရာ ဈေးသူ/ဈေးသားများက  လေ့လာကြည့်ရှုကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)