ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ “Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပင်းတယ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာစေရေး၊ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့ပြနှင့်ကျေးလက်များကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေးတို့အတွက် အသက်မွေးဝမ်းကြောင်း ကာလတိုသင်တန်းများကို တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခု  Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် လူငယ်၊ လူရွယ်များ ပညာတတ်မြောက်ပြီး ဝင်ငွေရရှိသော လုပ်ငန်းထူထောင်နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ ပြည်တွင်းဖြစ် နိုင်ငံခြားစံချိန်မီ အရည်အသွေးကောင်းမွန်သော စားသောက်ကုန်လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော စားသောက်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်တတ်စေရန်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်‌ပေးရခြင်းဖြစ်ကြောင်း ပြောကြား‌သည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက လုပ်ငန်းသုံးပစ္စည်းများ‌အား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ကြောင်းသိရပြီး၊ အဆိုပါ သင်တန်းအား ဇန်နဝါရီလ (၃၀) ရက်နေ့မှ ဖေဖော်ဝါရီ (၅) ရက်နေ့အထိ (၇) ရက်ကြာဖွင့်လှစ် သင်ကြားပေးမှာဖြစ်ပြီး ၎င်းသင်တန်းကို သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀) ဦးတက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)