ချောင်းဆုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးနှင့် ဆောင်းသီးနှံ စိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလာကြစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက နေကြာသီးနှံ မျိုးထိန်းသိမ်းနည်း ကွင်းသရုပ်ပြပွဲကို ဇန်နဝါရီ(၂၁)ရက်နေ့က နတ်မှော်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နေကြာစံပြစိုက်ကွက်တွင် ပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅)ခုနှစ် ဆီထွက်သီးနှံ (၅၃၂၅)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဆီထွက်သီးနှံနေကြာ(၃၄၃၈)ဧက၊ မြေပဲ (၁၂၀) ဧကနှင့် နှမ်း(၄)ဧက စုစုပေါင်း ဆီထွက်သီးနှံ(၃၅၆၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ဆီထွက်သီးနှံ(၅၃၂၅)ဧက၊ နွေစပါး (၁၂၄) ဧက၊ ပဲမျိုးစုံ (၃၉၉၂) ဧကနှင့် ပိုက်ဆံလျှော်(၂၀)ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ပြန်/ဆက်)