မောက်မယ် ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)စျေးတန်း၌ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်း သား/ကျောင်းသူ တစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး(၃၀)ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် ကျောင်းသား/ကျောင်းသူကလေးငယ်များ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမည့် အစာအုပ်စုသုံးစု သင့်တင့်မျှတစွာ ပါဝင်သော ထမင်း၊ ကြက်ဥ၊ ကုလားပဲဟင်း၊ ကော်ဖီထုပ်နှင့် နွားနို့တို့ကို KG ကျောင်းသား/ကျောင်းသူ(၃၂)ဦးအား ကျွေးမွေးခဲ့ကြသည်။
အဆိုပါ အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို နိုင်ငံတော်၏ အရေးကြီးသော လူ့စွမ်းအားအရင်း အမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ပထမအကြိမ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ဒုတိယအကြိမ် စုစုပေါင်း(၂)ကြိမ် ကျွေးမွေးခဲ့ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်တွင် တတိယအကြိမ် ကျွေးမွေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)