မြစ်ကြီးနား ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီးမတည်ပေးပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးနှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းလုပ်ငန်းများ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီးမတည်မှုဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော ပိုင်ရှင်ဦးဆင်ဝါးနော်၏ ခြံ၌ကြက်ခြံ(၂)ခြံ တိုးချဲ့တည်ဆောက်ထားပြီး ကြက်ပေါက်ကောင်ရေ ၃၀၀၀ စတင်မွေးမြူဆောင်ရွက်နေမှု အခြေအနေများနှင့် အဆိုပါခြံဝင်းအတွင်းရှိ ဝက်ခြံ၌ အသားတိုး ဝက်ကောင်ရေ ၉၀ မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများနှင့် တိရိစ္ဆာန်အစာရရှိမှုနှင့် ဈေးကွက်ရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ စနစ်တကျ အကျိုးဖြစ်ထွန်းအောင် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မွေးမြူထုတ်လုပ်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သော မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများနှင့်တိရစ္ဆာန်အားဖြည့် ဖြည့်စွက်အစာအိတ်များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် အဆိုပါခြံဝင်းအတွင်း လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသော ပင်မှည့်သီးခင်း စိုက်ပျိုး ဆောင်ရွက်ထားရှိမှုနှင့် ဂျပန်လိမ္မော်သီးပင် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအုပ်စုအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ပိုင်ရှင် ဦးသိန်းဟန်၏ ကြက်ခြံသို့ သွားရောက်ပြီး ကြက်ခြံများအတွင်း ကြက်ကောင်ရေ (၉၀၀၀) မွေးမြူထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကြက်များဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားနိုင်မှု အခြေအနေများနှင့် တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များ ကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများ နှင့်တိရစ္ဆာန်အားဖြည့် ဖြည့်စွက်အစာအိတ်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)