တပ်ကုန်း ဇန်နဝါရီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ကျင်းပယှဉ်ပြိုင်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက အနော်ရထာရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အနော်ရထာရပ်ကွက်အသင်းက ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး၊ တစ်ဂိုးဖြင့် သရေကျခဲ့ပြီး အနော်ရထာရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းယှဉ်ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးအားကစားသမားဆုကို ဆရာစံရပ်ကွက်အသင်းမှ ကျောနံပါတ် ၄၁၊ ရှေ့တန်းအားကစားသမား မောင်အောင်ဇော်ထက်ကရရှိခဲ့ပြီး ဆုတံဆိပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲဆပ်ကော်မတီဝင် ဦးမိုးမင်းဦးက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်