ထန်းမနိုင်အ.ထ.ကကျောင်း၌ မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြော

ကော့မှူး ဇန်နဝါရီ ၂၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေ၊ သယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူ‌ငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလူမင်းက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရန်မီးရှို့သည့်အတွက် ဖြစ်ပေါ်နိုင်သည့်ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်စေသောအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ကြောင့်ထိခိုက်စေနိုင်သော ကျန်းမာရေး၊ လူမှုရေးဖြစ်စဉ်များ၊ မီးခိုးမြူငွေ့လျှော့ချရေးအတွက် လက်တွေ့လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သောအကြောင်းများ၊ သစ်ပင်သစ်တော၏အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာခြင်းအကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းအားလျှော့ချရမည့်နည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း၊ တောမီးလောင်ကျွမ်းမှုနှင့်မီးခိုးမြူငွေ့တွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အကြောင်း အရာများအားအကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော်သူရ (ပြန်/ဆက်)