တပ်ကုန်း ဇန်နဝါရီ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗျိုင်းအင်းကျေးရွာအနီး၊ ဗျိုးအင်းရှေးဟောင်း ဘုရာဝင်းအတွင်း၌ တည်ထားကိုးကွယ်ထားသော သိမ်းတော်ဦးဘုရား စေတီတော်မြတ်ကြီး ထီးတော်တင်ပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါစေတီ ထီးတော်တင်လှူပွဲသို့ အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်၊ ဘဒ္ဒန္တစန္ဒသီရိဆရာတော်မှူးပြု ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူပြီး ထီးတော်ဒါယကာ၊ ဒါယိကာမများ၊ ရပ်နီးရပ်ဝေးမှ ပြည်သူများတက်ရောက်ပြီး စေတီတော်၏ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်များကို သတ်မှတ်အစီအစဉ်အတိုင်း တင်လှူပူဇော်ခဲ့သည်။
ထို့နောက် လှူဒါန်းအစုစုတို့အား မြို့ရှေ့စန္ဒာရုံကျောင်းတိုက်၊ ဘဒ္ဒန္တစန္ဒသီရိဆရာတော်က ရေစက်သွန်းချအမျှပေးဝေးခဲ့ပြီး ထီးတော်အလှူရှင်မှာ ဦးလှမြင့်+ဒေါ်ခင်ပြုံး (သမီး)မမျိုးပပလင်းနှင့် မောင်နှမတစ်စုတို့က လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်