မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် မုန်တိုင်အုပ်စု မုန်တိုင်ကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာကော်မတီဝင်များအား မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့စေရန် ကျေးရွာသူကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကျိုးရှိစွာ အသုံးပြုသွားကြရန် မှာကြားခဲ့သည်။

မိတ္ထီလာမြို့နယ် မုန်တိုင်အုပ်စု မုန်တိုင်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် နိုင်ငံ တော်မတည်ငွေ ကျပ် ၁၅ သန်းနှင့် ပြည်သူ ထည့်ဝင်ငွေ ကျပ် ၅.၇သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းအား  အလျား ၆၆၀ ပေ၊ အနံ ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများ စုပေါင်းဆောင်ရွက်လျက်ရှိရာ အဆိုပါကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်

သိန်းမြင့်ကျော်(မိတ္ထီလာ)