တောင်ဥက္ကလာပမြို့နယ်၌ စာသင်ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ်(၃)ရပ်ကွက် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တိုသို့ ဆောင်ရွက်ရာတွင် ခြင်ပေါက်ဖွားမှုများ ပြားနိုင်​သည့်အတွက် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေးရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate) ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများကို မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးအေးမိုးက ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ် (၄) အခြေခံပညာအလယ်တန်း‌ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)