တွံတေး ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် "မရှိ၍ မလင်းသူမရှိစေရ" ကုသရေးအစီအစဉ်တွင် မျက်စိခွဲစိတ်ကုသရမည့် လူနာများအား တွံတေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ဗဟန်းအမျိုးသမီးဆေးရုံနှင့် ကန်တော်ကြီးမျက်စိဆေးရုံသို့ မျက်စိခွဲစိတ်ကုသရမည့် လူနာများအား ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမျက်စိခွဲစိတ်ရမည့် လူနာ(၇)ဦး၊ ပို့ဆောင်ပေးခဲ့ရာတွင် မျက်စိခွဲစိတ်ကုသရမည့် လူနာများအား ဆရာဝန်များမှ စမ်းသပ်စစ်ဆေးခြင်း၊ ကုသဆောင်များတွင် နေရာချထားပေးခြင်းများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့သည်။
ဗဟန်းအမျိုးသမီးဆေးရုံတွင် မျက်စိခွဲစိတ်ရမည့် လူနာ(၆)ဦး မျက်စိခွဲစိတ်ရန်အတွက် ဆေးရုံတက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ကန်တော်ကြီးမျက်စိဆေးရုံတွင် မျက်စိခွဲစိတ်ရမည့်လူနာ(၁)ဦးမှာ ကန်တော်ကြီးမျက်စိဆေးရုံတွင် ပြသနေဆဲ လူနာဖြစ်သည့်တွက် ကန်တော်ကြီးဆေးရုံတွင် ဆက်လက်ပြသရမည်ဖြစ်ကာ မျက်စိဝေဒနာရှင်လူနာများအား ဆေးရုံတက်ရောက်နိုင်ရန် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက်ရမည့် လူနာများကိုလည်း ထမင်းစရိတ်အဖြစ် (၂) ရက်စာတစ်ဦးလျှင် (၁၅၀၀၀) ကျပ်စီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
တွံတေးသား