မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

မိုင်းစံ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊‌ ကျောင်းသားလေးများက "ကြိုဆိုပါတယ် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မိုင်းစံမြို့  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုင်းရှူးမြို့နယ် မိုင်းရှူးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်ဇူလှိုင်ဝင်းမှ အမှာစကားပြောကြားခြင်း၊ ကျောင်းအကျိုးတော်ဆောင်အတွင်းရေးမှူး ဦးစိုင်းဆာအောင်မှ အမှာစကားပြောကြားခြင်း၊ အ.ထ.ကမိုင်းစံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်နွဲ့မှ စုံညီပွဲ‌တော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြ‌သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို  မြို့အုပ်ချုပ်‌ရေးမှူ ဦးဖြိူးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မိုင်းရှူးမြို့နယ်  မိုင်းရှူးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဇူလှိုင်ဝင်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာမကြီး၊ ကျောင်းကော်မတီဝင်များနှင့်ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား/ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းကော်မတီဝင်များ၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)