မိတ္ထီလာ ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၏ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာ ဘဟန်က အမှာစကား ပြောကြားသည်။ ထို နောက်အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ရူပဗေဒအသင်းနှင့် ဝိဇ္ဇာညွန့်ပေါင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအား ပါမောက္ခချုပ်ဒေါက်ဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်းနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသူ/ကျောင်းသားများက ကြည့်ရှုအားပေးကြသည်။ အဆိုပါ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်း ၉ သင်း နှင့် အမျိုးသမီး ၉ သင်း စုစုပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲအား ဇန်နဝါရီလ ၃ဝ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)