လဲချားမြို့နယ်တွင် လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လဲချား ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှုအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က လဲချားမြို့ မတ်လန်း(မူလွန်)ကျောင်းခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားမှူးဦးထိန်လင်းက ခေါင်းဆောင်ဆိုတာဘာလဲ၊ ကိုယ်ကျင့်တရားကောင်းအောင် ဘယ်လိုကြိုးစားမလဲ၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းကို ဟောပြောခဲ့ပြီး လူငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)