မုဒုံမြို့၌ အခြေခံအိတ်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ

မုဒုံ ဇန်နဝါရီ ၂၇

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့) တွင် အခြေခံအိတ်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် မုဒုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းက သင်တန်းကျောင်းအနေဖြင့် ကျေးလက်ဒေသနေ အမျိုးသမီးငယ်လေးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် ရက်ကန်းကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်များအပြင် အခြားနည်းပညာပေးခြင်း သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းထူးချွန်ဆုချီးမြှင့်၍ ကျောင်းအုပ်ဆရာမကြီးက သင်တန်းသူများ၏ သင်တန်းထုတ်ကုန်ပစ္စည်းများကို ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို နည်းပြနှစ်ဦးက သင်တန်းသူ(၂၀)ဦးအား အိတ်ချုပ်နည်း()မျိုးကို (၁၅)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)