ရမည်းသင်း ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် AI နှင့်ခေတ္တသစ်ကမ္ဘာစာအုပ်ကို ဝန်ထမ်းများ အခြေခံအားဖြင့် သိရှိနားလည်ဖတ်ရှုကြရန် ရှင်းလင်းပြာကြားပြီး ဦးစီးအရာရှိ ဒေါ်သန္တာလင်းမှ AI ဉာဏ်ရည်တု ပြောင်းလဲမှုဖြစ်စဉ်များ၊ တိုးတက် ပြောင်းလဲလာခြင်းကို ရှင်းလင်းဆွေးနွေးဖတ်ကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ AI နည်းပညာအကြောင်း အရာများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)