မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များအတွင်းရှိ နွေနှမ်းသီးနှံ စိုက်ဧကများပန်းတိုင်အထွက် ရရှိရေးနွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

မိတ္ထီလာ ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်း မြို့နယ်များအတွင်းရှိ နွေနှမ်းသီးနှံ စိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး နွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်က မိတ္ထီလာမြို့နယ်‌‌ ‌ချောက်ပင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က နွေနှမ်းသီးနှံစိုက်တောင်သူများ ပန်းတိုင်အထွက်ရရှိရေး စိုက်ပျိုးရာတွင် လိုအပ်သည့် မျိုးစေ့၊ ကာကွယ်ဆေး၊ မြေယာပြုပြင်ခြင်း၊ ရေ‌ပေးနိုင်သည့်အခြေအနေ၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် စိုက်ပျိုးရေး တောင်သူများ စိုက်ပျိုးရာတွင် တွေ့ကြုံရသည့်အခက်အခဲများသိရှိရန် လာရောက်ခြင်း‌ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး မြေ‌ပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်မြေပြင်ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက နွေနှမ်းသီးနှံ ပန်းတိုင်အထွက်ရရှိရေး အထွက်နှုန်းကောင်းသည့် မျိုးစေ့၊ စိုက်နည်းစနစ်၊ ရေပေးနိုင်မည့်အခြေအနေများ၊ သီးနှံကာကွယ်ဆေးနှင့် ဓာတ်မြေဩဇာထည့်သွင်ခြင်းအခြေအ‌နေများ၊ လယ်မြေပြုပြင်ခြင်းလုပ်ငန်းများ၊ လယ်ယာမြေများနှင့်ပတ်သက်သည့် ဥပဒေအကြောင်အရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးစရိတ်နှင့်‌​မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ဒေသခံပြည်သူများက စိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်‌‌ဖြေကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က နိဂုံးချုပ်ပြောကြားရာတွင် မိတ္ထီလာခရိုင်တွင်  စိုက်ပျိုး နိုင်သည့် စိုက်ဧက ၆၀၀၀၀၀ ရှိသည့်အနက် စိုက်ဧက ၃၀၀၀၀ သာ စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ရာ ၎င်းရေပေးနိုင်သည့် စိုက်ဧကများ သတ်မှတ်စိုက်ဧက ပြည့်မီရေးနှင့်စိုက်ပျိုးထားသည့် စိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး  စိုက်ပျိုးရေ၊ စိုက်စရိတ်၊ မျိုးစေ့၊ ကာကွယ်ဆေး၊ ဓါတ်‌​မြေသြဇာ၊ နည်းပညာများ ပေးသွာမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲရှိလာပါက ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဖုန်းဆက်တင်ပြကြ ပေးစေလိုကြောင်း၊ ဒေသခံတောင်သူများက စိုက်ပျိုးလို့ရရှိသည့်စိုက်ဧကများ သတ်မှတ်စိုက်ပျိုးနည်းစနစ်အတိုင် အားလုံးဝိုင်းဝန်းစိုက်ပျိုးကြစေလိုကြောင်း၊ ဒါမှသာ သတ်မှတ်အထွက်နှုန်းရရှိပြီး ပြည်တွင်းစာနပ်ရိက္ခာဖူလုံမည်ဖြစ်သည့်အပြင် ကုန်ဈေးနှုန်းလည်း ကျဆင်းလာမည်ဖြစ်ပါကြောင်း၊ ဒါအပြင် ပိုလျှံသီးနှံများအား နိုင်ငံခြားသို့ တင်ပို့ပါက နိုင်ငံခြားငွေရရှိမှာ ဖြစ်ပါကြောင်း ဒါကြောင့် ​ဒေသခံတောင်သူများ သတ်မှတ်စိုက်ဧကများ သတ်မှတ်နည်းပညာအတိုင်း စိုက်ပျိုးကြပါရန် ပြောကြားခဲ့သည်။ ၎င်းနောက်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများက စက်မှုလယ်ယာဦးစီးဌာနမှ လယ်ထွန်းစက်များဖြင့် လယ်ယာမြေပြုပြင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရေတွင်းကျေးရွာ၊ ဒိုင်‌ကောင်းကုန်းကျေးရွာနှင့် ရွှေတောင်ကျေးရွာများမှ နွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ နွေနှမ်းသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး ဒေသခံတောင်သူများ စိုက်ပျိုးရာတွင် တွေ့ကြုံရသည့်အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ဝမ်းတွင်းမြို့နယ် ကင်းတာဆည်ရေသောက်စနစ်အတွင်း စမုံရေငုတ်ပြွန်‌အသစ် ပြန်လည်တည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့ခဲ့ရာ ဆည်‌‌​မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ မြစ်သားမြို့နယ်ဦးစီးမှူး ဦးတင်မြင့်အောင်က တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအ‌ခြအနေနှင့် စိုက်ပျိုးရေပေးဝေနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။             

သိန်းမြင့်ကျော်(မိတ္ထီလာ)